Lotayamm

လူငယ္တစ္ဦးေမာင္းလာသည့္ကား ဓာတ္တုိင္၀င္တိုက္၊ ကားမီးေလာင္မႈျဖစ္ပြား
akonthi.com
|
2019-08-13


လူငယ္တစ္ဦးေမာင္းလာသည့္ကားတစ္စီး ဓာတ္တုိင္၀င္တိုက္၍ ကားမီးေလာင္မႈ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လား႐ိႈးၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ လား႐ိႈးၿမိဳ႕တြင္ ယေန႔(ၾသဂုတ္လ ၁၃ ရက္) ၊ နံနက္ ၄ နာရီခြဲခန္႔က ရပ္ကြက္ (၈)၊ ျပည္ေထာင္စု လမ္းမႀကီး၊ ဝိပႆနာဓမၼရိပ္သာအဝင္လမ္းထိပ္ရွိဓာတ္တုိင္ကို လူငယ္တစ္ဦး ေမာင္းႏွင္လာေသာ အိမ္စီးကားက ၀င္တုိက္ခဲ့ၿပီး ကားမီးေလာင္ခဲ့ေၾကာင္း လား႐ိႈးလူငယ္လူမႈကူညီေရးအသင္းမွ သိရသည္။
“ ဒီေန႔မနက္ ၄ နာရီခြဲေလာက္မွာ ျဖစ္တာပါ။ ကားကဓာတ္တုိင္ကုိ၀င္တုိက္ၿပီး မီးထေလာင္သြားတာပါ။ ကားေမာင္းတဲ့လူက အထဲမွာေအာက္စီဂ်င္ျပတ္သြားတဲ့သေဘာရွိတယ္။ ေနာက္ၿပီး ဘယ္ဘက္ေျခသလုံးမွာ မီးေလာင္ဒဏ္ရတယ္။ ကြ်န္ေတာ္တုိ႔ေဆးရုံကုိသြားပုိ႔တဲ့အခ်ိန္မွာ သတိကေကာင္းေကာင္းမရေသးပါဘူး။ သူ႔ကုိဘာမွေမးလုိ႔မရဘူး။ ကေယာင္ကတမ္းေတြျဖစ္ေနတယ္။ အသက္အႏၱရာယ္ကေတာ့ မစုိးရိမ္ရပါဘူး။ ခန္႔မွန္ေခ်သူ႔အသက္က ၂၀ ေက်ာ္ေလာက္ရွိမယ္”ဟု လား႐ိႈးလူငယ္လူမႈကူညီေရးအသင္းမွ ကိုစိုင္းဝသုန္ထြန္းက ေျပာသည္။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ကားမီးေလာင္မႈေၾကာင့္ ထိခုိက္ဒဏ္ရာရရွိသြားသူ ယာဥ္ေမာင္းကုိ လား႐ိႈးၿမိဳ႕ ျပည္သူ႔ေဆးရုံႀကီး ခြဲစိတ္ေဆာင္သုိ႔ပုိ႔ေဆာင္ထားေၾကာင္း သိရသည္။


- ရဲေက်ာ္ထက္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ - လား႐ိႈးလူငယ္လူမႈကူညီေရးအသင္း


Unicode Version


လူငယ်တစ်ဦးမောင်းလာသည့်ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်၍ ကားမီးလောင်မှု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လားရှိုးမြို့တွင် ယနေ့(သြဂုတ်လ ၁၃ ရက်) ၊ နံနက် ၄ နာရီခွဲခန့်က ရပ်ကွက် (၈)၊ ပြည်ထောင်စု လမ်းမကြီး၊ ဝိပဿနာဓမ္မရိပ်သာအဝင်လမ်းထိပ်ရှိဓာတ်တိုင်ကို လူငယ်တစ်ဦး မောင်းနှင်လာသော အိမ်စီးကားက ဝင်တိုက်ခဲ့ပြီး ကားမီးလောင်ခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။
“ ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ဖြစ်တာပါ။ ကားကဓာတ်တိုင်ကိုဝင်တိုက်ပြီး မီးထလောင်သွားတာပါ။ ကားမောင်းတဲ့လူက အထဲမှာအောက်စီဂျင်ပြတ်သွားတဲ့သဘောရှိတယ်။ နောက်ပြီး ဘယ်ဘက်ခြေသလုံးမှာ မီးလောင်ဒဏ်ရတယ်။ ကျွန်တော်တို့ဆေးရုံကိုသွားပို့တဲ့အချိန်မှာ သတိကကောင်းကောင်းမရသေးပါဘူး။ သူ့ကိုဘာမှမေးလို့မရဘူး။ ကယောင်ကတမ်းတွေဖြစ်နေတယ်။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရပါဘူး။ ခန့်မှန်ချေသူ့အသက်က ၂၀ ကျော်လောက်ရှိမယ်”ဟု လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ ကိုစိုင်းဝသုန်ထွန်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကားမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ယာဉ်မောင်းကို လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်သို့ပို့ဆောင်ထားကြောင်း သိရသည်။


- ရဲကျော်ထက် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - လားရှိုးလူငယ်လူမှုကူညီရေးအသင်း





ပင္မစာမ်က္ႏွာ

သတင္း

ဂိမ္း

၀န္ေဆာင္မႈမ်ား
Some text some message..